ပုလောမြို့နယ် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ကမ်းနီးငါးဖမ်းလှေများ၊ ရေယာဉ်များ ထွက်ခွာခြင်းမပြုရန် သတိပေးဆွေးနွေး

ပုလော  သြဂုတ် ၄

ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်ဦးဆောင်သော မြို့နယ်သဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ သြဂုတ်လ ၄ ရက်နေ့ နံနက် (၈) နာရီခွဲခန့်က ပုလောမြို့နယ်ရှိ ကမ်းနီးငါးဖမ်းလှေများ၊ ရေယာဉ်များအားလုံး ထွက်ခွာခြင်းမပြုရန် လှေဆိပ်များသို့ ကွင်းဆင်း၍ ရေလုပ်သားများကို  သတိပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂−၈−၂၀၂၀) ရက်နေ့ ထုတ်ပြန်ကြေငြာချက်အရ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်းနှင့် မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀) မှ (၄၅) မိုင်အထိ တိုက်ခတ်နိုင်သဖြင့် ကမ်းနီးငါးဖမ်းလှေများ၊ ရေယာဉ်များအားလုံး ထွက်ခွာခြင်းမပြုရန်၊ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အခါအားလျော်စွာ ထုတ်လွှင့်သည့်သတင်းများ နားထောင်၍ သွားလာရန်နှင့်  လှေများပေါ်တွင် အသက်ကယ်အင်္ကျီများထားရှိရန်၊ စကားပြောစက်များ ဖွင့်လှစ်ထားရန်နှင့် အသက်ကယ်အင်္ကျီ၀တ်ဆင်ပုံ သရုပ်ပြခဲ့ကြောင်း သိရှိရသည်။

အေးအေးမော် (ပုလော ပြန်/ဆက် )