ကော့ကရိတ်မြို့၌ (အငြိမ်းစား) နိုင်ငံ့ဝန်ထမ်းများအား  Unique Identity ကတ်များထုတ်ပေးလျက်ရှိ

ကော့ကရိတ် သြဂုတ် ၂၂

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့ကရိတ်မြို့နယ်ရုံးမှ ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ဇီဝဆိုင်ရာအချက်အလက်များကောက်ယူပြီး  UID  ကတ်များ ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

ထိုသို့ပြုလုပ်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားယူခဲ့သည့် နိုင်ငံ့ဝန်ထမ်းတို့အား UIDကတ်များ ပြုလုပ်ဆောင်ရွက်ပေးနေသည့် မြန်မာ့စီးပွားရေးဘဏ်သို့ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးဇော်ရာ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးတို့မှ  သွားရောက်၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)