ကလေး ဩဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကလေးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်စိုးနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်၌ ကလေးမြို့နယ်အတွင်းရှိ အငြိမ်းစားပင်စင်စားများအား Biometric Data ကောက်ယူ၍ UID Smart Card များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကလေးမြို့မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်စားများအား လစာထုတ်ပေးသည့်နေ့ရက်များနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကလေးမြို့နယ်ဦးစီးမှူးရုံးတို့တွင် ကလေးမြို့နယ်အတွင်းရှိ အငြိမ်းစားပင်စင်စား ဝန်ထမ်းပေါင်း (၁၄၀၀၀) ကျော်ကို UID Smart Card နေ့စဉ်များဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)