ရွှေဘိုမြို့၌ နိုင်ငံ့ဝန်ထမ်း(ငြိမ်း)ပင်စင်စားများအား UID နံပါတ် Smart Card များပြုလုပ်ဆောင်ရွက်ပေး 

​ရွှေဘို သြဂုတ် ၂၂

စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း (ငြိမ်း) ပင်စင်စားများအ​​နေဖြင့်  ပင်စင်လစာထုတ်ယူရာ၌ လူပုဂ္ဂိုလ် မှန်၊ မမှန်စိစစ်ကာ တိကျမှန်ကန် မြန်ဆန်​စေ​ရေးအတွက် Centralized e-Persion စနစ် ​ဆောင်ရွက်လျက်ရှိရာ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်များသည် Biometric ကောက်ယူခြင်း၊ Smart Card များပြုလုပ်ပေးခြင်းလုပ်ငန်းနှင့် UID နံပါတ်ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။ 

ထိုသို့ ​ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း (ငြိမ်း) ပင်စင်စားများအဆင်​ပြေ လွယ်ကူစေရန် အထူးအစီစဥ် တစ်ရပ်အ​နေဖြင့် ပင်စင်လစာထုတ် ရက်ဖြစ်သည့် လစဥ် (၂၁) ရက်မှစတင်၍ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ကွင်းဆင်း​ဆောင်ရွက်လျက်ရှိရာ ပင်စင်လစာထုတ်ယူ​နေသည့် (၄၆၅၅) ဦးအနက် (၉၁၄) ဦးကိုအားစီစစ်​ဆောင်ရွက်​ပေးခဲ့ပြီး ကျန်ရှိသူများအား လစဥ်ဆက်လက်​ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ခရိုင် (ပြန်/ဆက်​)