ခန္တီး သြဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အတွေးအခေါ်မြင့်မားလာစေရန်၊ စာအုပ်စာပေလေ့လာဖတ်ရှုလိုသည့် စိတ်ဓာတ်များပေါ်ပေါက်လာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း၊ အမှတ် (၆) ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အခြေခံပညာမူလတန်းကျောင်း၊ အမှတ် (၆) ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိကျန်က အဖွင့်အမှာစကားပြောကြားပြီး ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓာတ်ပုံကျွမ်းကျင်-၂ ဒေါ်ဇာဇာလှိုင်းက အသက်အရွယ်အပိုင်းအခြားအလိုက် လေ့လာဖတ်ရှုသင့်သည့် စာအုပ်စာပေများအကြောင်းကိုလည်းကောင်း၊ စာဖတ်ခြင်းမှရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း၊ အကြီးတန်းစာရေး (အင်အားပြ) ဒေါ်ကျုးစတီးနားက စာအုပ်များမှလေ့လာသင်ယူခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားရာ ကျောင်းသား/သူ လေးများက စိတ်ဝင်တစားနားထောင်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/သူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက်တာဝန်ရှိသူများက ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။
ကမ်းကီး (ပြန်/ဆက်)