အုတ်တွင်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်း လမ်းကျောက်ရောမြေခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး

အုတ်တွင်း သြဂုတ် ၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ ဆင်စုကျေးရွာ၌ ကျေးရွာဖွံဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းကျောက်ရောမြေခင်းခြင်း လုပ်ငန်းများကို သြဂုတ် ၂၀ ရက်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာမြင့်နှင့် ဝန်ထမ်းများ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကော်မတီဝင်များက ဘန့်ဘွေးကုန်းကျေးရွာအုပ်စု ဆင်စုကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ရန်ပုံငွေ သိန်း(၁၅၀)ဖြင့် လမ်းအရှည်(၂၄၀၀)ပေ၊ အကျယ်(၁၂)ပေ၊ () လက်မထုရှိပြီး အဆိုပါလုပ်ငန်းများကို ၂၅..၂၀၂၅ ရက်နေ့တွင် စတင်ဆောင်ရွက်လျက်ရှိရာ ပြီးစီးမှုအခြေအနေမှာ လမ်းအရှည်(၂၀၀၀)ပေနှင့် ၇၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပါကြောင်း မြို့နယ်ကျေးလက်ဒေသ​ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)