ပြည် ဩဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအဖွဲ့က ယမန်နေ့ နံနက်ပိုင်းတွင် ပြည်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်ထုတ်ယူရန်နှင့် ပြည်မြို့ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီး၌ လစဉ်ပင်စင်ထုတ်ရက်တိုင်း အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် လာရောက်ကြသော နိုင်ငံဝန်ထမ်း (အငြိမ်းစား) များအား Biometric အချက်အလက်ကောက်ယူခြင်းနှင့် smart card များ ထုတ်ပေးခြင်းတို့ကို သွားရောက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ် လ.ဝ.က ဦစီးမှူးနှင့် ဝန်ထမ်းများက အဆိုပါအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား Biometric အချက်အလက်ကောက်ယူခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ၎င်းတို့ထံမှ e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူ၍ smart card ထုတ်ပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့ကြပြီး ယင်းဆောင်ရွက်ပေးမှုကို ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)