နတ်မောက် ဩဂုတ် ၂၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ မိုးရာသီအပူဒဏ်ခံ မြေပဲမျိုးလိုင်းများ ယှဉ်ပြိုင်စမ်းသပ်ကွက်ဆောင်ရွက်ခြင်းနှင့် တောင်သူအသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တံခွန်တိုင်ကျေးရွာတောင်သူ ဦးဘိုညို၏ မြေပဲခင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိက ဒေသနှင့်ကိုက်ညီသော မြေပဲသီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ ဆီထွက်သီးနှံတစ်ဧက အထွက်တိုးရန်အတွက် အထွက်တိုးသည့် စနစ်များဖြစ်သည့် အပင်ဦးရေပြည့်မီစွာ စိုက်ပျိုးရေး၊ အစေ့အဆံပြည့်ဝစေရန်အတွက် ကျောက်မှုန့်ထည့်သွင်းအသုံးပြုရန်၊ EM ရရှိအောင် EMကို ရေနှင့်ရောစပ်၍ နှမ်းရိုး၊ မြေပဲရိုးများကို ဆွေးမြေ့စေပြီး မြေဆွေးပုံပြုလုပ်ရန်နှင့် စိုက်ခင်းများတွင် ထည့်သွင်းအသုံးပြုပါက ငွေကြေးကုန်ကျမှုသက်သာပြီး အထွက်တိုးမည်ဖြစ်ကြောင်း တောင်သူများအား အသိပညာပေးပြောကြားခဲ့ပြီး တောင်သူများအနေဖြင့် ဒေသနှင့်ကိုက်ညီမှုရှိသော မြေပဲများ၏အရည်အသွေးလက္ခဏာများကို လက်တွေ့လေ့လာ၍ ရွေးချယ်စိုက်ပျိုးနိုင်စေရန်နှင့် မြို့နယ်အတွင်း ဆီထွက်သီးနှံပိုမိုတိုးချဲ့စိုက်ပျိုးနိုင်စေရန်ရည်ရွယ်၍ ဆင်းပဒေသာ-၁၁၊ ဆင်းပဒေသာ-၁၄၊ ဆင်းပဒေသာ-၁၅၊ ဆင်းပဒေသာ-၁၆၊ တွန်တာနီ စသည့် မြေပဲမျိုးများကို ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးခြင်းများဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိက တက်ရောက်လာကြသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ တောင်သူများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
လှဝင်း