အုတ်ဖို သြဂုတ် ၂၂
ကျန်းမာတက်ကြွသောလူကြီးဘဝကို ဖြတ်သန်းနိုင်စေရန်ရည်ရွယ်၍ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အ တွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။
ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးသက်ဝင်းဦးဆောင်မှုဖြင့် အေးမြသာယာတိုက်နယ်ဆေးရုံမှ ဒေါက်တာသီရိရွှေစင်လှိုင်နှင့် ကျန်းမာရေးဝန်ထမ်းများကစစ်ဆေးကုသပေးရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စစ်ဆေးကုသပေးလျက်ရှိပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဖြိုးဝေလင်းနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အငြိမ်းစားဝန်ထမ်း ၁၀၂ ဦးအား ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)