ကျောင်းကုန်း ဩဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အ.ထ.က(၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှမော်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က မီးခိုးမြူငွေ့ဆိုင်ရာ အသိပညာပေး ဟောပြောခဲ့သည်။ ဒုတိယဦးစီးမှူး ဒေါ်နှင်းအိမွန်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းစာအပြင် သုတ/ရသစာအုပ်များ ဖတ်ရှုကြဖို့လို ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးတင်ထွဋ်က ကျန်းမာကြံ့ခိုင်မှစာကြိုးစားလို့ရမည်ဖြစ်ကြောင်း၊ အားကစားတစ်ခုခုပြုလုပ်ကြဖို့ကို တိုက်တွန်းပြော ကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်ကိုက ကုန်စည်များနှင့်စပ် လျဉ်းပြီး ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် သတိပြုရမည့် ကုန်ညွှန်းအမှတ်အသားဖော် ပြခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် ကျောင်းသား/သူများ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များဖတ်ရှုစေခဲ့ပြီး၊ “ကလေးအလုပ်သမားပပျောက်ရေး”၊ “မီးခိုးမြူငွေ့အန္တရာယ် ဝိုင်းဝန်းစုပေါင်းတို့ကာကွယ်”၊ “ပတ်ဝန်းကျင်သာယာဖို့ စနစ်တကျအမှိုက်စွန့်ပစ်ကြပါစို့”စသည့် သိကောင်းစရာ နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်