ကျွန်းလှ ဩဂုတ် ၂၂
စစ်ကိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်းသီးနှံ အဓိကစိုက်ပျိုးကြပြီး ယခုနှစ် မိုးရာသီစိုက်ပျိုးသော အစေ့ထုတ်ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်လျက်ရှိကြောင်း သိရသည်။
“ ဒီနှစ် မိုးရာသီမှာ အစေ့ထုတ်ပြောင်း စိုက်ပျိုးဖို့ ၁၄၉၉၅ ဧက လျာထားပြီး ၁၅၀၁၆ (၁၀၀ ဒသမ ၁၄) ရာခိုင်နှုန်း စိုက်ပျိုးနိုင်တဲ့အတွက် လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရာမှာ မေလဆန်းက စတင်စိုက်ပျိုးကြပါတယ်။ အခုအခါ ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေပါတယ်” ဟု ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ အစေ့ထုတ်ပြောင်းစိုက်ခင်းများ ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများက ဖောင်မြောင်တောင်ပိုးကျရောက်မှု ကြိုတင်ကာကွယ်ရေး၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးပြေးဆေးပြုလုပ်သုံးစွဲရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ်ပြီး အချိန်ကိုက်သုံးစွဲရေးတို့ကို ကွင်းဆင်းအသိပညာပေးကြသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ မိုးရာသီ၌ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ အခြားသီးနှံနှင့် နှစ်ရှည်ပင်သီးနှံများ စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)