နန်းယွန်းမြို့၌ အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

နန်းယွန်း သြဂုတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် မြို့နယ်လူဝန်မှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိဦးသိန်းဟန်မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂) နှစ်အောက်ကလေးသူငယ်များအတွက် ငွေကြေးထောက်ပံ့ခြင်းအစီအစဥ်နှင့် အသိပညာပေး ဆင့်ပွားသင်တန်းကျင်းပပြုလုပ်ရခြင်းအား ရှင်းလင်းပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန သူနာပြုဆရာမ ဒေါ်မေရစ်လှိုင်မှ ကိုယ်ဝန်ဆောင်မိခင်းများအား အာဟာရအသိပညာပေး နှင့်ပတ်သက်၍ သင်တန်းပို့ချခဲ့ကြောင်း သိရသည်။

သင်တန်းသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမားရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ နန်းယွန်းမြို့ပေါ်ရှိ မိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)