ကော့ကရိတ်မြို့၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေး

ကော့ကရိတ်  ဩဂုတ် ၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အငြိမ်းစားဝန်ထမ်းများသည် ပင်စင်လစာငွေများကို လစဉ်  ၂၁ ရက်နေ့နံနက်ပိုင်းမှစ၍ အစိုးရရုံးဖွင့်ရက်များတွင်  မိမိတို့အဆင်ပြေသည့်နေ့ရက်၌ လာရောက်ထုတ်ယူနိုင်ပါကြောင်း၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါက လိုအပ်သည့်အထောက်အထားများဖြင့် လာရောက်ထုတ်ယူနိုင်ပါကြောင်း၊ ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မန်‌နေဂျာကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ပင်စင်လစာများအား အလှည့်ကျစနစ်ဖြင့် အသက်အရွယ်ကြီးရင့်သူများ အခက်အခဲမရှိစေရေး စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)