စလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုပြုလုပ်

စလင်း သြဂုတ် ၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအား မြို့နယ်ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး အစည်းအဝေးခန်းမဆောင်တွင် ယမန်နေ့နံနက်(၉)နာရီ ၁၅ မိနစ်အချိန်မှ စတင်ကာ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆရာဝန်ကြီး ဒေါက်တာတင့်ဆွေက အာဟာရဖွံ့ဖြိုးရေးရက် သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်ရခြင်းအကြောင်းနှင့် ကျန်းမာရေးအသိပညာပေးစကားများပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန စီမံချက်ဦးစီးအရာရှိ ဆရာစိုးလွင်က မိမိတို့ဌာန၏ ဆောင်ရွက်ချက်များကို ၊ရှင်းလင်းပြောကြားခဲ့သည်၊ ဆက်လက်၍ စီမံချက်လက်ထောက် ဒေါ်ပြုံးဝေက ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်နှင့် ကလေးငယ်များ အဟာရမျှတစွာစားသုံးတတ်စေရန်တို့ကိုလည်းကောင်း၊ ကလေးငယ်များ အနာဂတ်လှပဖို့ မိခင်နို့တိုက်ကျွေးလို့၊ ရင်းနှီးမြှုပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မိခင်နို့တိုက်ကျွေးခြင်းမှ အစပြုပြီး အသက်အရွယ်အလိုက် အာဟာရစောင့်ရှောက်ခြင်းလုပ်ငန်းများအကြောင်းများ အိုင်အိုဒင်းဆား စားသုံးခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးမှူးများ ကျန်းမာရေး ဆရာ၊ ဆရာမများက တက်ရောက်လာကြသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား ကိုယ်ဝန်ဆောင် မိခင်များနှင့် နို့တိုက်မိခင်များ၏ ဆောင်ရွက်ကြရမည့် အသိပညာပေးမေးခွန်းများကို မေးမြန်းကြရာ နို့တိုက်မိခင်နှင့် ကိုယ်ဝန်ဆောင်မိခင်များက မေးမြန်းမှုများအား ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုမျညးမှ ပထမပတ် မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယပတ် ငါးနှစ်အောက်ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ တတိယပတ် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ စတုတ္ထပတ် အိုင်အိုဒင်းချို့တဲ့ရောဂါပပျောက်ရေး ရက်သတ္တပတ်အခမ်းအနားများကို အပတ်စဉ် ကျင်းပဆောင်ရွက်ခဲ့ပြီး ယနေ့ကျင်းပပြုလုပ်သည့် မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားသို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ တင်ဆွေနှင့် ကျန်းမာရေးဝန်ထမ်းများနှင့် ကိုယ်ဂန်ဆောင်နှင့် နို့တိုက်မိခင်(၅၀)ဦး တက်ရောက်ခဲ့ရာ တက်ရောက်လာသူများအား အာဟာရဖွံ့ဖြိုးရေးဖြည့်သွက်စာများအား တာဝန်ရှိသူများက ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)