ပုလောမြို့နယ်၌ ၂၀၂၅ ခုနှစ်  တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်

ပုလော     ဩဂုတ်    ၂၂

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ ဆရာကြီး ဦးဘရွှေဖောင်ဒေးရှင်းအဖွဲ့မှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သော ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ပညာရည် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဩဂုတ် ၂၁ ရက်က ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားကို ကျောင်းသား/ကျောင်းသူများက ဆရာကြီး ဦးဘရွှေဖောင်ဒေးရှင်းအဖွဲ့၊ နာယက ဦးတင်ကြွယ်က အမှာစကား ပြောကြားခဲ့ပြီး ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်ဆင့်က ဆရာကြီး ဦးဘရွှေဖောင်ဒေးရှင်းကို ၂၀၁၁ ခုနှစ် စတင်ဖွဲ့စည်းခဲ့ပြီး၊  နှစ်စဉ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများနှင့် ထူးချွန်ကျောင်းသား/ကျောင်းသူများကို ပညာရည်ချွန်ဆုများ ချီးမြှင့်ပေးနိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားသည်။

၂၀၂၅ ခုနှစ် ပညာသင်နှစ်တွင် ပုလောမြို့နယ်စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုအောင်မြင်သည့် (၃)ဘာသာဂုတ်ထူးရှင် မောင်အောင်ဇော်ထွေး၊ (၃)ဘာသာဂုဏ်ထူးရှင် မဆောင်းနှင်းသင်္ကြန်၊  (၁)ဘာသာဂုတ်ထူးရှင် မစန်းယုအေး၊  (၁)ဘာသာဂုတ်ထူးရှင် မဆုမြသွေး၊ (၁)ဘာသာဂုတ်ထူးရှင် မဆုမွန်ဦး၊ ပုလောမြို့နယ်၌ သင်္ချာဘာသာတွင် ရမှတ်အများဆုံးရရှိသူ (၃) ဦးနှင့် ပုလောမြို့နယ်၌ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူ (၄)ဦး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပုလောမြို့နယ် ကိုယ်စားပြု လူရည်ချွန်(၃) ဦး တို့ကို ဆရာကြီး ဦးဘရွှေ ဖောင်ဒေးရှင်းအဖွဲ့ နာယကနှင့် တာဝန်ရှိသူများ ပညာရည်ချွန်ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလော)