မြိတ်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟော‎ပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်‎စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်

မြိတ် ဩဂုတ် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက မြိတ်မြို့အခြေခံပညာအလယ်တန်းကျောင်း အ.လ.က(၁)၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်​ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Video Clip များဖြင့် ဖွင့်လှစ်ပြသဟောပြောခဲ့ပြီး ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုစန်းက ဆက်သွယ်ရေး လိမ်လည်မှုအကြောင်းတို့ကို ကျောင်းသား၊ ​ကျောင်းသူများအား Video Clip များဖြင့် အသိပညာပေးဟောပြောခဲ့​ကြသည်။

ထို့​နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာ​စောင်တို့ကို ပြသပေးခြင်း၊ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်၍ သုတ/ရသစာအုပ်စာစောင်များငှားရမ်းပေးခြင်း၊ စာငှားကတ်များပြုလုပ်​ပေးခြင်းတို့ကို ဆောင်ရွက်‌​ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ကြည်ဇေသော်