မြိတ် ဩဂုတ် ၂၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ ကိုယ်ရေးအချက်အလက်မှတ်တမ်းများကို e-IDစနစ်ဖြင့် လုပ်ငန်းစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်း နှင့် UID နံပါတ်ထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်း လုပ်ငန်း ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက် မြို့နယ်ဦးစီးမှူး ဒေါ်ခင်လင်းဝေဦးစီး ဝန်ထမ်းများနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )