ရေဦးမြို့နယ်၌ အာဟာရရက်သတ္တပတ်လှုပ်ရှားမှု ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ရေဦး ဩဂုတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရပြည့်ဝစွာ စားသောက်တတ်စေရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

ကျန်းမာရေးအသိပညာပေး ဟောပြောပွဲတွင်  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်နှင့် ကျန်းမာရေး၀န်ထမ်းများက ကိုယ်၀န်ဆောင် မိခင်များကိုယ်၀န်ဆောင်ကာလ ၃ လပြည့်လျှင် ကိုယ်၀န်အပ်သင့်‌ကြောင်း၊ ကိုယ်၀န်ရှိ /မရှိ သိရှိနိုင်‌သောအချက်များ၊ ဆီးစစ်နည်းများ၊ ကိုယ်၀န်ဆောင်စဉ် စားသင့်သောအစားအစာများ၊ ကိုယ်၀န်လနုစဉ်ပျက်ကျခြင်းကိုဖြစ်စေသော အကြောင်းအရင်းများ၊  စနစ်တကျ နို့တိုက်နည်းများ၊ ကိုယ်၀န်ဆောင်စဉ် ပြောင်းလဲမှုဖြစ်စဉ်များ၊ မပြုလုပ်သင့်သော အန္တရာယ်များ သည့် ကိုယ်၀န်ဖျက်ချခြင်းနှင့် ဆောင်ရန်ရှောင်ရန်အကြောင်းအရာများကို အသိပညာပေး ပြောကြားခဲ့ကြသည်။

ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် သားဖွားဆရာမများက ကိုယ်၀န်ဆောင်မိခင်များအား အာဟာရဖြစ်စေမည့် ငှက်ပျောသီးနှင့်ကြက်ဥများ ပေးဝေခဲ့ကြ ကြောင်း သိရသည်။

သန်းသန်း