ထားဝယ် ဩဂုတ် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ပန်းကံ့ကော်ရနံ့ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိဦးစိုးသက်ပိုင်က နိုင်ငံ၏ တာဝန်ကိုဆက်လက် တာဝန်ယူသွားကြမည့်လူငယ်များကို ပြုစုပျိုးထောင်သွားရန်လိုအပ်ကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။
ထို့နောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စပယ်သွင် က “ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသကဲ့သို့ နောင်ကျရင်နယ်ပယ်အသီးသီး၌ ဦးစီးဦးဆောင်ပြုရမည့်သူများဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များကို တန်ဖိုးရှိသော လူသားအရင်းအနှီးများအဖြစ် မျှော်မှန်းပြီးပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း၊ လူငယ်များကိုယ်တိုင် ကလည်း မိမိကိုယ်မိမိတန်ဖိုးရှိသောလူသားများဖြစ်အောင်ကျင့်ကြံကြိုးကုတ် အားထုတ်ကြရန်လိုအပ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် အားကစားအားလေ့လာလိုက်စားကြရန်လိုအပ်ကြောင်း၊ ပြောကြားပြီးအားကစား ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ ကြောင်းသိရသည်။
ငွေဇင်ယော်(ထားဝယ်)