လဟယ် ဩဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင်နာဂဒေသဦီးစီးအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၀င်များ၊ဒေသအဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) ကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်နာဂဒေသ ဦးစီးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုကို ဖတ်ကြားတင်ပြပါသည်။ ထို့နောက် နာဂဒေသဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်းကအဖွင့်အမှာစကားပြောကြားရာတွင် မကြာမီသောကာလမှ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများအနေဖြင့် ဝိုင်း၀န်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မိုးတွင်းကာလ မြို့ချင်းဆက်လမ်း ၊ရွာချင်းဆက်လမ်း ပျက်တောက်မှုမရှိစေရေး အချိန်မှီတင်ပြသွားရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ဒါအောင်မြင်ဆောင်ရွက်နေကြသည့် ဌာနများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုကို ပြီးစီးမှုရာခိုင်နှုန်းမှတ်တမ်းဓါတ်ပုံနှင့်တကွ တစ်လတစ်ကြိမ်တင်ပြကြရန် မှာကြားပါသည်။
ထို့နောက် နာဂဒေသဦးစီးအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးပါသည်။ ထို့နောက် ဒေသအဆင့်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိဌာနအလိုက်လုပ်ငန်းဆောင်ရွက်နေမှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို တင်ပြကြရာနာဂဒေသဦးစီးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့၀င်များက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရပါသည်။
မြို့နယ် (ပြန်/ဆက်)