ကျောင်းကုန်းမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကျောင်းကုန်း ဩဂုတ် ၂၁

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မြို့မအားကစားကွင်း၌ ယမန်နေ့နေ့လယ် ၃ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်လုပွဲကို အ.ထ.က(၂)အသင်းနှင့် အစုကြီး/ပေါက်ဆိန်ပဲ့အသင်းတို့ ယှဉ်ပြိုင်ကစားရာ အ.ထ.က(၂)အသင်းက (၁း၀)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့ပြီး၊ တံခွန်တိုင်အသင်းက တတိ ယဆုရရှိခဲ့သည်။ ပြိုင်ပွဲအပြီး ညနေ (၄း၃၀) နာရီအချိန်ခန့်တွင် ဆုရရှိကြသော ဘောလုံးအသင်းများအား တာဝန်ရှိသူများက တံခွန်စိုက်ဒိုင်းဆု၊ ငွေသားနှင့်လည်ဆွဲများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)