စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများအား ထောက်ပံ့ငွေလှူဒါန်းခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်း သြဂုတ် ၂၁

စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများအား ထောက်ပံ့ငွေလှူဒါန်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လေးကျွန်းမြေအုဌ်ကျောင်း၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ခေမာသီဝံကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသီရိ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက လှူဒါန်ရခြင်းနှင့်ပတ်သက်၍ လျှောက်ထားတင်ပြသည်။

ထို့နောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ ထောက်ပံ့ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်

ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် လေကျွန်းမြေအုဌ်ကျောင်းဆရာတော်ထံမှ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။

ယနေ့အခမ်းအနားတွင် စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၅၁၆) ကျောင်းအတွက် ငွေကျပ်(၉၂၄)သိန်း ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)