နတ်မောက်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (UID) Unique Identity ကတ် ဆက်လက်ဆောင်ရွက်ပေး

နတ်မောက် ဩဂုတ်၂၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ (UID)Unique Identity ဖြင့်ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပြုလုပ်ပေးလျက်ရှိသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးရှိ မြို့နယ်ဦးစီးအရာရှိ ဦးမျိုးတင့်နှင့် ရုံးဝန်ထမ်းများက Biometric(UID) စနစ်ဖြင့် UID Card မပြုလုပ်ရသေးသော အငြိမ်းစားဝန်ထမ်းများအား UID Card များ ပြုလုပ်ပေးခဲ့ရာ နတ်မောက်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား စုစုပေါင်း(၆၂၅)ဦးအထိ ပြုလုပ်ပေးပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။

လှဝင်း