မကွေးမြို့တွင် အခြေခံပညာအထက်တန်းကျောင်းခွဲ(ကန်သာ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ

မကွေး ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို အခြေခံပညာ အ.ထ.ကခွဲ(ကန်သာ)ကျောင်းတွင် ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က ကျောင်းသား၊ ကျောင်းသူလူငယ်များ ကျောင်းအားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိနိုင်မည့် စာပေများကို လေ့လာဖတ်ရှုတတ်စေရန်၊ စာတတ်သူတိုင်းစာဖတ်ကြစေရန်၊ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ "လူငယ်နှင့်စာပေ" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးနောက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်စာစောင်များကို ကျောင်းသားလူငယ်များမှ စိတ်ပါဝင်စားစွာဖြင့် လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)