ခမောက်ကြီး ဩဂုတ် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်ငှားရမ်းခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စီစီချိုက မျိုးဆက်သစ်လူငယ်များအနေဖြင့် အသိပညာဗဟုသုတပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ရမည့် လူတော်လူကောင်းများ ဖြစ်လာစေရန်၊ စာပေဗဟုသုတများ တိုးပွားလာစေရန်အတွက် စာအုပ်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်းပြောကြားပြီး Grade-4 ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များဖတ်ရှုစေခြင်းနှင့် ငှားရမ်းပေးခြင်းကို ဆောင်ရွက်ခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားလာစေရန်အတွက် တစ်ကြိမ်လျှင် အခန်း(၂)ခန်းနှုန်းဖြင့် တစ်ပတ်လျှင်(၁)ကြိမ် အလှည့်ကျ စာအုပ်စာစောင်များအား လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)