သရက်ချောင်း ဩဂုတ် ၂၁
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတက်စေရန်၊ အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန်ရည်ရွယ်၍ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများအား စာအုပ်/စာစောင်များအခမဲ့ ငှားရမ်းပေးလျက်ရှိသည်။
ထိုသို့ ငှားရမ်းပေးရာတွင် တစ်နေ့လျှင် (၃၀)ခန့် လာရောက်ဖတ်ရှုလျက်ရှိကြောင်း မြို့နယ်၊ ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်၊ စာပေများ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် ပြည်သူလူထုများအတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် စာပေချစ်သူများအတွက် ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စာအုပ်မိတ်ဆက်၊ Activity၊ စက္ကူဖြင့် အရုပ်ခေါက်ခြင်းပြိုင်ပွဲများပြုလုပ်ခြင်း စသည့်အစီအစဉ်များ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)