ကရသူရိ သြဂုတ် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/ကျောင်းသူများ စိတ်ရွှင်လန်းစေရေး ကာယ/ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။
ကျောင်းသားကျောင်းသူများ၏ ဦးနှောက်နှင့် ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာသန်စွမ်းရေး၊ ပျော်ရွှင်ကြည်နူးရေးအတွင် ၎င်းတို့အကြိုက် ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ ရုပ်သံကျွမ်းကျင်-၃ က အမှတ်ပေးစည်းကမ်းများနှင့်အညီ ဆုရွေးချယ်၍ မြို့ဦးစီးမှူးက မေတ္တာလက်ဆောင်များ ပေးအပ်သည်။
အဆိုပါ ကာယဉာဏစွမ်းရည်ပြိုင်ပွဲသို့ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ(၁၈)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)