မြို့သစ်မြို့နယ်မှ ဒေသခံပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ စမ်းသပ်မဲပေးခြင်း လက်တွေ့ဆောင်ရွက်

မြို့သစ် သြဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ဒေသခံပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်း လက်တွေ့သရုပ်ပြသခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ (ရတနာခန်းမ) ၌ ကျင်းပသည်။

ရှေးဦးစွာ မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးမှ ဦးစီးအရာရှိက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီးအခမ်းအနားတက်ရောက်လာသည့် ဒေသခံပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် စမ်းသပ်မဲပေးခြင်းများ လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)