မကွေးတိုင်းဒေသကြီး၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် သန့်ရှင်း၍  စိမ်းလန်းစိုပြည်သော ကျောင်းအခြေခံစံနှုန်းများ၊ အညွှန်းကိန်းများ၊ ပတ်ဝန်းကျင်နှင့်သက်ဆိုင်သည့် ဘာသာရပ်များဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်

မကွေး ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆင့်ပွားသင်တန်း(TOT)ဖွင့်ပွဲကို ယမန်နေ့နံနက်  ၉ နာရီအချိန်က အဆိုပါပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဇော်မိုးက အဖွင့်အမှာစကားပြောကြား၍ သင်တန်းကို တိုင်းဒေသကြီးပညာရေးမှူးရုံးမှ အဆိုပြုတင်ပြလာသည့် အခြေခံပညာကျောင်း (၉)ကျောင်းမှ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်မှူးများ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများအား စာတွေ့ဖြင့် ဩဂုတ် ၂၀ ရက်မှ ၂၂ ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)