သရက်ချောင်း ဩဂုတ် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများအား GAHPနှင့် နွားမွေးမြူထုတ်လုပ်ရေးသင်တန်းကို ယမန်နေ့က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာလမင်းကိုကိုက မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများအား GAHP နှင့် နွားမွေးမြူထုတ်လုပ်ရေး သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းအားဖွင့်လှစ်သင်ကြားရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာလမင်းကိုကိုက မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများအား နွားမွေးမြူရေးလုပ်ငန်းများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်ဆိုင်ရာ သိကောင်းစရာများ၊ နွားမွေးမြူရာတွင် အစာကျွေးသည့်နည်းလမ်းများ၊ ကာကွယ်ဆေးထိုးနှံသည့်နည်းလမ်းများအကြောင်းကို ရှင်းလင်းပြောကြားခြင်းပြီးနောက် မွေးမြူ ရေးလုပ်ငန်းများလုပ်ကိုင်နေသူများ၏ လိုအပ်သည်များကို ပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဝန်ထမ်းများက မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေသူများဖတ်ရှုလေ့လာနိုင်ရန် နွားမွေးမြူ ထုတ်လုပ်ရေးဆိုင်ရာ အသိ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)