ကော့သောင်းမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများဆောင်ရွက်

ကော့သောင်း  ဩဂုတ် ၂၀

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စားသုံးသူကာကွယ်ရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို  ဩဂုတ် ၁၉ ရက်က ပုလုံးတုံတုံးကျေးရွာ ရန်ကြီးအောင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် အထက-ခွဲ (ပုလုံးတုံတုံး)ကျောင်းတွင် ပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်တင်သူဇာလှိုင်က ဆိုရှယ်မီဒီယာနှင့်ယနေ့ခေတ်လူငယ်များ၊ စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးနှင့်စာဖတ်သည့် အလေ့အကျင့်ပြုစုပျိုးထောင်ရေးစသည်တို့ကို လည်းကောင်း၊ စားသုံးသူ ကာကွယ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြသီတာက စားသုံးကာကွယ်ရေးဆိုင်ရာ အသိပညာများကို လည်းကောင်း၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဘရန်ရှောင်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများကိုလည်းကောင်း ဟောပြောခဲ့ကြောင်း သိရသည်။ခရိုင်(ပြန်/ဆက်)