ကျွန်းစုမြို့ ကပကျေးရွာ၌  ကွန်ကရစ်လမ်းခင်း

ကျွန်းစု ဩဂုတ် ၂၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကပကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။  

တိုင်း‌ဒေသကြီးကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲခေါင်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်စိုးနှင့် တာဝန်ရှိသူများသည် ကပကျေးရွာ၌ ၂၀၂၅ - ၂၀၂၆  ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေ နိုင်ငံတော်ရန်ပုံငွေကျပ် ၁၅သန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ်(၃ ဒသမ ၆၅)သန်း၊ စုစုပေါင်း ၁၈ ဒသမ ၆၅  သန်းဖြင့် ကွန်ကရစ်လမ်း အရှည်ပေ ၃၀၀၊ အကျယ် ၁၀ ပေ၊ ဒုခြောက်လက်မ ရှိသော ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေ နိုင်ငံတော်ဘတ်ဂျက်(၁၅)သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ကွန်ကရစ်လမ်း အရှည် ပေ ၄၀၀၊ အကျယ် ၈ ပေ၊ ဒုခြောက်လက်မ ရှိသော ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတို့ကို ဩဂုတ် ၁၉ ရက်က ကွင်းဆင်းစစ်ဆေးသည်။

ထို့နောက် ညွှန်ကြားရေးမှူးက အဆိုပါလမ်းခင်းခြင်းလုပ်ငန်းများအား အရည်အသွေးပြည့်မီစေရေးနှင့် အချိန်မီပြီးစီးရေး၊ လမ်းများ ရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရေးနှင့် လိုအပ်သည်များအား က မှာကြားခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)