ဘုတ်ပြင်းမြို့ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးသရုပ်ပြ

ဘုတ်ပြင်း    ဩဂုတ်   ၂၀

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ပြည်သူများအား မြန်မာ အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဩဂုတ် ၂၀ ရက် မွန်းလွဲပိုင်းက အောင်မင်္ဂလာရပ်ကွက်ရှိ ဓမ္မဝိဇယပရိယတ္တိစာသင်တိုက် ဓမ္မာရုံ၌ ပြုလုပ်သည်။

ဦးစွာ  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဖြင့် အသုံးပြု၍ မဲပေးခြင်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက်  ရပ်ကွက်နေပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက် ဖြင့် သက်ဆိုင်ရာ လွှတ်တော်များ အလိုက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခဲ့ကြပြီး တာဝန်ရှိသူများက မဲရလဒ်များအား  စစ်ဆေးခြင်း လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ သရုပ်ပြလက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်နေမှုအား ဘုတ်ပြင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ နှင့်တာဝန်ရှိသူများကကြည့်ရှုအား ပေးခဲ့ကြသည်။

ဘုတ်ပြင်း ( ပြန်/ဆက်)