နာဂဒေသ၊ လဟယ်မြို့၌ လူငယ်စကားဝိုင်းကျင်းပ

လဟယ် ဩဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ လဟယ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအနဖြင့် လူငယ်များဗလငါးတန်ပြည့်စုံစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်‌ရေးရာအသိပညာပေး စာပေစကားဝိုင်းကို ယမန်နေ့နံနက် ၁ဝ အချိန်က လဟယ်မြို့အထက်တန်းကျောင်း ချယ်ရီမြိုင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ လဟယ်မြို့နယ် ပညာရေးမှူး ဦးအောင်လှိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးရှားဆက်က လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

ထို့နောက် လူငယ်စာ‌ပေစကားဝိုင်းကို စတင်ရာတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးပါမင်းလှိုင်(ဓါတ်ပုံ-၂)က ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူများက မိမိကျရာခေါင်းစဉ်များဖြင့် ဆွေးနွးကြရာ မဝေဝေ(Grade-11)က လူငယ်နှင့်အချိန်၏ တန်ဘိုး၊(Grade-11)တန်းမှ မောင်တီးမောင်က လူငယ်နှင့်အကျင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဒုံညိုခါးလစ်(Grade-11)က လူငယ်နှင့်ဆိုရှယ်မီဒီယာ၏ဆိုးကျိုး၊ ကောင်ကျိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်လားငူး(Grade-11)မှ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးပြီး တက်ရောက်ကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရတ စာအုပ်စာပေများကို စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ လဟယ်မြို့နယ်ပညာရေးမှူး ဦးအောင်လှိုင်ဝင်းနှင့်ဆရာ/မများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ရုံးဝန်ထမ်းများ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)