လဟယ်မြို့တွင် ဆိုရှယ်မီဒီယာ၏ ကောင်းကျိုး၊ ဆိုးကျိုးနှင့်သတင်းအမှား၊ အမှန် ဝေဖန်ပိုင်းခြားတတ်စေရန် အသိပညာပေးဟောပြော        

လဟယ် ဩဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီးနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(လဟယ်)တို့ ပူးပေါင်းကျင်းပသော အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန် သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရှားဆက်က ဆိုရှယ်မီဒီယာ၏ ကောင်းကျိုး/ဆိုးကျိုးနှင့် သတင်းအမှား၊ အမှန် ဝေဖန်ပိုင်းခြားတတ်‌ပါစေခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး၊ လဟယ်မြို့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပီတာသိုင် ဆောမ်ဟောက်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပလတ်စတစ်လျှော့ချရေးခေါင်းစဉ်ဖြင့် ဟောပြောပါသည်။ ထို့နောက် ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနမှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဗွီတီယိုအား ပြသခဲ့ကြောင်းသိရသည်။ အဆိုပါ ဟောပြာပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများ၊ လဟယ်မြို့ အမျိုးသမီးသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းအုပ်ဆရာမကြီးနှင့်နည်းပြဆရာမများ၊ သင်တန်းသူများ တက်ရောက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)