အထက်မင်းလှ ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးကုဌာနမှ ဆေးကုသစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့ နေ့လယ် (၂) နာရီက ဥယျာဉ်ကျေးရွာ မြမဉ္ဇူဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းသိန်းက ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး မင်းလှမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးမိစံနှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စုမာဖြိုးတို့က ကျေးရွာနေပြည်သူများအား ရောဂါလက္ခဏာများ ကြည့်ရှုစစ်ဆေးပြီး တိုင်းရင်းဆေး အခမဲ့ကုသပေးခဲ့သည်။
ထို့နောက် ဆေးကုသမှုခံယူသော ကျေးရွာနေပြည်သူ ကျား(၁၂)ဦး၊ မ(၁၈)ဦး စုစုပေါင်း(၃၀)ဦးအတွက် လိုအပ်သည့် တိုင်းရင်းဆေးဝါများ အခမဲ့ဖြန့်ဝေပေးခဲ့ကာ အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)