မင်းလှမြို့တွင် အာဟာရဖွံဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများဆောင်ရွက်

မင်းလှ သြဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာမိခင်နို့တိုက်ကျွေးရေး‌နေ့ ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုများဆောင်ရွက်ခြင်းအခမ်းအနားကို ဩဂုတ်လ ၂၀ ရက်နံနက် ၉ နာရီ ချိန်ကပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာလှဝင်းက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုများဆောင်ရွက်ရခြင်းအကြောင်းနှင့် ကျန်းမားရေးအသိ ပညာပေးစကားများပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာဝင်းက ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်နှင့်လေးငယ်များ အဟာရမျှတစွာစားသုံးတတ်စေရန်တို့ကိုလည်းကောင်း၊ အဏုအဟာရဓာတ်ဖြစ်စေသော အိုင်အိုဒင်းဓာတ်အကြောင်းကိုလည်း‌ကောင်း အသိပညာ‌ပေးပြောကြားသည်။

ထို့နောက် မြို့နယ်ဆရာဝန်ကြီးနှင့်ကျန်းမာရေးဆရာမများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ တတ်ရောက်လာသောကိုယ်ဝန်ဆောင်မိခင်များကို ဘီတာမင်ဘီဝမ်းဆေးပြားများတိုက်‌ကျွေးခြင်းနှင့်၊ အိုင်အိုဒင်းဆား၊ ကြက်ဥများ‌ဖြန့်ဝေပေးခြင်း၊ ကလေးငယ်များကိုပေါင်ချိန်ပေးခြင်း၊ MUAC တိုင်းခြင်း၊ ဗီတာမင်(အေ)နှင့်သံချဆေးတိုက်ကျွေးခြင်းနှင့် နို့တိုက်မိခင်များကိုဗီတာမင်(အေ)ဆေးလုံးများတိုက်ကျွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ စံပြမိခင်ပြိုင်ပွဲတွင်ဆုရရှိသောမိခင်များကို ဆုများချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

ပေါက်စ(မင်းလှ)