သရက်မြို့ အခြေခံပညာမူလတန်းကျောင်း(တောင်မင်းတည်း)၌ “ကျောင်းကျန်းမာရေးသီတင်းပတ်လူငယ်များ ဗလ(၅)တန်ဖွံ့ဖြိုးဖို့ ကျန်းမာရေးမြှင့်တင်စို့”အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

သရက် ဩဂုတ် ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းကျန်းမာရေးသီတင်းပတ်လူငယ်များ ဗလ(၅)တန်ဖွံ့ဖြိုးဖို့ ကျန်းမာရေးမြှင့်တင်စို့” အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀)နာရီက တောင်မင်းတည်း အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးမှူးအဆင့်(၁) ဦးအောင်ဝင်းနှင့် ကျန်းမာရေးမှူး(၄) ဒေါ်ချောစုခင်၊ ဒေါ်အေးနန္ဒာသွေးတို့က ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး လက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးနည်းလမ်းများအကြောင်းကို ဟောပြောပေးခဲ့သည်။

ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး လိုအပ်သည့် ဆေးဝါးများ ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)