စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး ငလျင်ဘေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်း သြဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီမြစ်‌ရေမြင့်တက်လာမှုကြောင့် ကုန်တင်ယာဉ်ကြီးများ၊ ဆီသယ်ယာဉ်များ အဆင်ပြေစွာဖြတ်သန်သွားလာနိုင်ရေး သယ်ယူပို့ဆောင်ပေးလျှက်ရှိသော ဇက်ကူးတို့များ ကမ်းကပ်ရန်နေရာအတွက် စစ်ကိုင်းဘက်ကမ်းနှင့် မန္တလေးဘက်ကမ်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 ထို့နောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရာဇမဏိစူဠာကောင်းမှုတော် စေတီတော်မြတ်ကြီး တောင်ဘက်မုဒ်ဦးနှင့် စောင်းတန်း အသစ်ပြန်လည် တည်ဆောက်ရန်အတွက် ဖောင်ဒေရှင်းတူ၍ အောက်ခံကွန်ကရစ်လောင်းနေမှု၊ ဘုရာကြီး၏အတွင်း မုဒ်ဦးများ ပြန်လည်ပြုပြင်နေမှု၊ ပန်းတောရပ်ကွက်ရှိ မဟာမင်္ဂလာ စေတီတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံနေမှု၊ ပိုးတန်းရပ်ကွက်ရှိ ထူပါရုံစေတီတော်ကြီး အာရုဏ်ခံတန်ဆောင်း အသစ်ပြန်လည်တည်ဆောက်နေမှု လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များ၊ ဂေါပကအဖွဲ့များနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)