ဟုမ္မလင်းမြို့နယ်၊ ဟူနောင်၊ ဟင်နောင်ကျေးရွာ အ.ထ.က(ခွဲ) ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်နှင့်ကျောင်းကျန်းမာရေး အသိပညာ​ပေးကွင်းဆင်းဆောင်ရွက်

ဟုမ္မလင်း ဩဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀) နာရီအချိန်ကဟုမ္မလင်းမြို့နယ်၊ ဟူနောင်၊ ဟင်နောင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း (ခွဲ)စာသင်ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာဟုမ္မလင်းမြို့၊ ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံအုပ် ဒေါက်တာရန်နိုင်ဆွေ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဒေါ်လှလှခင်တို့က ကျောင်းပတ်ဝန်းကျင် သန့်ရှင်းစေခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး စသည့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ/မများက KG ကျောင်းသား၊ ကျောင်းသူများကို ကိုယ်အလေးချိန်ခြင်း၊ အရပ်တိုင်းတာခြင်း၊ သွားနှင့်ခံတွင်း သန့်ရှင်းရေးနှင့် လိုအပ်သည့်ကျန်းမာရေးစစ်ဆေးခြင်းများ၊ KG တန်းမှ G-12 ကျောင်းသား၊ ကျောင်းသူများကို သန်ချဆေးတိုက်ကျွေးခြင်း၊ အပျိုဖော်ဝင် ကျောင်းသူများကို သံဓာတ်အားဆေးများ တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)