ပေါင်းတည် ဩဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၁၅ ရက်မှ စတင်ကာ မြို့မ အ-ထ-က ကျောင်းအားကစားကွင်း၌ ကျင်းပလျက်ရှိသည်။
အဆိုပါပြိုင်ပွဲများကို အမျိုးသားဘောလုံးအသင်းနှင့် အမျိုးသမီးဘောလုံးအသင်း စုစုပေါင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများက ပြိုင်ပွဲစဉ်တစ်လျှောက် ကြည့်ရှုအားပေးလျက်ရှိပြီး မိဘဆရာအသင်းမှ မိဘပြည်သူများက ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအတွက် အားတက်သရောထောက်ပံ့ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဩဂုတ်လ ၂၅ ရက်တွင် နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေသား