ဟင်္သာတ ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က တိုက်ပွဲရှောင်ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေမှ(၃) လစာထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်အောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးသန်းကျော်ဌေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးသန်းကျော်ဌေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုက်ပွဲရှောင်ပြည်သူများ တတ်ရောက်ခဲ့ကြောင်းသိရသည်။
ခရိုင်/ပြန်ဆက်(ဟင်္သာတ)