ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်

မြောင်းမြ သြဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၅ ခုနှစ် (သတ္တမအကြိမ်)မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို မြစိမ်းရောင်သာသနာ့နယ်မြေ၊ မြစိမ်းရောင်တောင်တော်ပေါ်၌ သြဂုတ်လ ၁၉ ရက်နေ့ နံနက် (:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဦးဆောင်၍ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြပြီး သတ်မှတ်နေရာအသီးသီးတွင် နေရာယူစိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ၄င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာ အကြီးအကဲများ၊ မြောင်းမြခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြောင်းမြပညာရေးဒီဂရီကောလိပ်၊ စိုက်ပျိုးရေးသိပ္ပံနှင့်သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများပါဝင်သည့် အင်အား(,၂၅၀)ဦးက ပျဥ်းကတိုး(၂၄၇)ပင်၊ မဟော်ဂနီ()ပင်၊ ကံ့ကော်(၁၀၀)ပင်၊ ခရေ (၁၀၀)ပင်၊ မျောက်ငို(၂၀၀)ပင်၊ မန်ဂျန်ရှား(၆၀၀)ပင်၊ စုစုပေါင်း (၁၂၅၃)ပင်တို့ကို တပျော်တပါး စုပေါင်းပါဝင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)