မြောင်းမြ ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အမှတ်စဉ်(၃/၂၀၂၅) ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်/ ပြုပြင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈း၃၀) အချိန်က အမှတ် (၄) အလတ်စားစက်ပြင်အလုပ်ရုံ၌ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးလှထွန်းက သင်တန်းဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းနည်းပြဆရာများမှ တစ်ဦးချင်းမိတ်ဆက်ခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များက သင်တန်းသုံး ရိတ်သိမ်းခြွေလှေ့စက်နှင့် အခြားစက်ကိရိယာများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြောင်းမြခရိုင်အတွင်းမှ သင်တန်းသား (၅၀) ဦးတို့အား တစ်လသင်တန်းကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)