ဘိုကလေး ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နေ့လယ်(၂)နာရီအချိန်က ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေထောက်ပံ့ရေးကော်မတီမှ လွှဲပြောင်းပေးပို့လာသော ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်ကော်မတီဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်သီတာမြင့်နှင့်အဖွဲ့ဝင်များ၊ နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြပြီး ဘိုကလေးမြို့နယ်အတွင်း ရပ်ကွက်(၆)ခုနှင့် ကျေးရွာအုပ်စု(၁၁)စုမှ ယာယီနေရပ်စွန့်ခွာ ပြည်သူ (၈၉) ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေ (၆၀၀၀၀) ကျပ်နှုန်းဖြင့် (၈၉) ဦးစာအတွက် စုစုပေါင်း ငွေကျပ် (၅၃,၄၀၀၀၀)ကျပ်နှင့် ၎င်း(၈၉)ဦးအနက်မှ ကျောင်းနေအရွယ် ကျောင်းသူ၊ ကျောင်းသား(၃၁)ဦးအားတစ်ဦးလျှင် ကျောင်းဝတ်စုံအဖြူအစိမ်း(၁)စုံစီနှင့် ဗလာ စာအုပ်(၁) ဒါဇင်ထပ်ဆောင်းထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က အခမ်းအနားသို့ တက်ရောက်လာသော ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် မိသားစုဝင်များအား ခင်မင်ရင်းနှီးစွာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)