ကန့်ဘလူ ဩဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်နှင့် ယမန်နေ့နံနက် (၁၀) နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဆရာမ ဒေါ်ဝင်းဝင်းမြင့်က အာဟာရဖွံ့ဖြိုးရေးရင်သတ္တပတ်နှင့် ကျောင်းကျန်းမာရေးသီတင်းပတ်အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ သားဖွားဆရာမ ဒေါ်ထိုက်ထိုက်နိုင်ရည်က အာဟာရဖွံ့ဖြိုးရေး အစာအုပ်စု(၃)အုပ်စုနှင့် စနစ်တကျသွားတိုက်နည်းစနစ်များကိုလည်းကောင်း၊ ငှက်ဖျားတိုက်ဖျက်ရေးဌာန ဆရာဦးစံဝင်းက ခြင်ကြောင့်ဖြစ်ပွားတတ်သောရောဂါများအကြောင်းတို့ကိုလည်းကောင်း အသိပညာပေးဟောပြောကြသည်။ ထို့နောက် ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြသည်။
ထို့နောက် KG ကျောင်းသား၊ ကျောင်းသူများကို ကိုယ်အလေးချိန်ခြင်း၊ အရပ်တိုင်းတာခြင်း၊ သွားနှင့်ခံတွင်းသန့်ရှင်းရေးနှင့်လိုအပ်သည့်ကျန်းမာရေးစစ်ဆေးခြင်းများ၊ KG တန်းမှ G-12 ကျောင်းသားကျောင်းသူများကို သန်ချဆေးတိုက်ကျွေးခြင်း၊ အပျိုဖော်ဝင်ကျောင်းသူများကို သံဓာတ်အားဆေးများတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)