ဘုတ်ပြင်း ဩဂုတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်သိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု ကရိုင်တိုင်ကျေးရွာ အ-မ-က-၃၅၈ ကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမက-၃၅၈ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေဝင်းထွေးက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာသာမက ပြင်ပအသိပညာဗဟုသုတများရရှိစေရန် အသိပညာပေးဟောပြောပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ပြောကြားသည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်များ၊ ဆောင်ရန်၊ ရှောင်ရန်များများ လေဘေး၊ ရေဘေး၊ မုန်းတိုင်းဘေး၊ မိုးကြိုးဘေး စသည့်တို့နှင့်ပတ်သက် သည်များ၊ ပတ်ဝန်းကျင်သန့်ရှင်းစေရေး အမှိုက်အမျိုးအစားများကို စနစ်တကျစွန့်ပစ်နိုင်ရေးနှင့် ပလတ်စတစ်အမှိုက်၏ ဆိုးကျိုးများအား အသီးသီးပြောကြားခဲ့သည်။
ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများနှင့် ပလတ်စတစ်အန္တရာယ်အသိပညာပေးစာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်း သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)