ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရီးစဉ်လမ်းညွှန်မှာကြားချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပဲခူး ဩဂုတ် ၁၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရီးစဉ်လမ်းညွှန်မှာကြားချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသားကာကွယ်ရေးနှင့် အေးချးမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဩဂုတ်လ()ရက်နေ့ တောင်ငူခရီးစဉ်နှင့် ဩဂုတ်လ()ရက်နေ့ ပဲခူးမြို့ခရီးစဉ်များအတွင်း လမ်းညွှန်မှာကြားခဲ့သည့် ခရီးစဉ်လမ်းညွှန်ချက်များအား အသေးစိတ်ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်း ရန်ကုန်-မန္တလေးကာလမ်းဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ ရန်ကုန်-ပြည်ကားလမ်း၊ ရန်ကုန်-မန္တေလေးမီးရထားလမ်းနှင့် ရန်ကုန်-ပြည် မီးရထားလမ်းများ ဖြတ်သန်းလျက်ရှိပြီး လမ်းဘေးဝဲယာသန့်ရှင်းသာယာလှပရေး၊ ဘူတာအလိုက် သန့်ရှင်းသပ်ရပ်စေရေး၊ စိမ်းလန်းစိုပြေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ သက်ဆိုင်ရာလမ်းဧရိယာအတွင်း တရားမဝင် ကျူးကျော်အဆောက်အဦများ မရှိစေရေးနှင့် မြင်ကွင်းကွယ်ချုံနွယ်ပင်များအား ရှင်းလင်းသွားရမှာဖြစ်ကြောင်း၊ ပဲခူးမြို့နှင့် တောင်ငူမြို့သည် မင်းနေပြည်တော်များဖြစ်ခဲ့ပြီး ထင်ရှားသည့် ကျုံးများ၊ မြို့ရိုးများ အထင်အရှားကျန်ရှိခဲ့၍ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းခြင်းအပြင် ရှေးယခင်ကတည်ရှိခဲ့သည့် နန်းတော်ရာများ၊ သိမ်များ၊ ဘုရားစေတီပုထိုးများကိုလည်း ပြန်လည်ဖော်ထုတ်သွားရမှာဖြစ်ကြောင်း၊ ရှေးဟောင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာသမိုင်းပညာရှင်များ၊ ရှေးဟောင်းသုတေသနပညာရှင်များ၊ သမိုင်းအထောက်အထားများနှင့် စုပေါင်း၍ သုတေသနပြုစမ်းသပ်တူးဖော်ခြင်းနှင့်အတူ ရှေးယခင်မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်ရမှာဖြစ်ကြောင်း၊ အများပြည်သူလေ့လာလည်ပတ်ခြင်း၊ အပန်းဖြေခြင်းနှင့် မိမိတို့၏ ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့် ဘုရင့်နောင်ကျော်ထင်နော်ရထာထီးနန်းစိုးစံခဲ့သည့် ကမ္ဘောဇသာဒီနန်းတော်ကြီးကိုလည်း ခမ်းနားထည်ဝါခန့်ညားစေရေး ဘက်ပေါင်းစုံပြုပြင်အဆင့်မြှင့်တင်လျက်ရှိပြီး ရှေးဟောင်သမိုင်းဝင် ဘုရားစေတီပုထိုးများကိုလည်း သန့်ရှင်းသာယာလှပစေရေးနှင့် အများပြည်သူ စိတ်အေးချမ်းသာစွာ ကြည်ညိုဖူးမြှော်နိုင်စေရေး ရောင်တော်ဖွင့်ခြင်းနှင့်အညီ အမြင်မတင့်တည်သည့် ဈေးဆိုင်ခန်းများ၊ အဆောက်အဦများကို သီးခြားနေရာပေး၍လည်းကောင်း၊ ရှေးဟောင်းမြို့ရိုး၊ကျုံးနှင့် ရှေးဟောင်းသမိုင်းဝင်ဧရိယာအတွင်းမှ အဆောက်အဦများကို စနစ်တကျနေရာပြောင်းရွေ့ပေးနိုင်ရေးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရှေးယခင်ကတည်ရှိခဲ့သည့် ရှေးဟောင်းသမိုင်းဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ရာတွင် သက်ဆိုင်ရာဌာနဆိုင်ရာများက အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ညွှန်ကြားမှုဦးစီးဌာန၊ သာသနာရေးညွှန်ကြားမှုဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မြန်မာ့မီးရထားလုပ်ငန်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုညွှန်ကြားမှုဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာဘုရားစေတီဆိုင်ရာတာဝန်ရှိသူများက ခရီးစဉ်လမ်းညွှန်ချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန်နှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း အသီးသီးတင်ပြခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ခရီးစဉ်လမ်းညွှန်ချက်များ ရာနှုန်းပြည့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြုတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ကဏ္ဍအလိုက်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)