ရေဖြူ ဩဂုတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း ရေဖြူမြို့ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အ-ထ-က၊ အ-လ-က ကျောင်းများမှ အသင်း(၇)သင်းပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ၊ တံခွန်စိုက်ဒိုင်းဆုရရှိသည့်အသင်းများကို တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ခဲ့သည်။ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးဇင်လင်းနိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ၊ မိဘများတက်ရောက်ကြည့်ရူ့အားပေးခဲ့ကြောင်း သိရသည်။
ခတ္တာ(ရေဖြူ)