နတ်မောက် ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ မိုးမြေပဲစိုက်ပျိုးသည့် တောင်သူများ ယခုရက်ပိုင်းအတွင်း စတင်နှုတ်သိမ်းနေပြီဖြစ်ရာ မိုးဦးမိုးရွာသွန်းမှုအားကောင်းသောကြောင့် အပင်ဖြစ်ထွန်းမှုနှင့် ဥနှုန်းအားကောင်းကြောင်း မိုးမြေပဲစိုက်တောင်သူတစ်ဦးက ပြောသည်။
နတ်မောက်မြို့နယ်တွင် ယခုနှစ်မိုးဦးမိုးရွာသွန်းမှုအားကောင်းသောကြောင့် မိုးမြေပဲကို မေလလယ်မှ စတင် စိုက်ပျိုးခဲ့ကြောင်း၊ မိုးမြေပဲစိုက်ပျိုးချိန်မှစတင်၍ မိုးရွာသွန်းမှုအားကောင်းတာကြောင့် မိုးကောင်းကြိုက် တောင်သူများအတွက် မြေပဲဥနှုန်းအားကောင်းသော်လည်း အချို့မြေတွင် စိုက်ပျိုးထားသော မြေပဲများအပင် များသည် ဥနှုန်း နည်းပါးကြောင်း၊ မိုးမြေပဲကို စတင်စိုက်ပျိုးချိန်မှ နှုတ်သိမ်းချိန်အထိ (၃)လကြာမြင့်ပါတယ်၊ လက်ရှိ မြေပဲဈေးကွက်အနေနဲ့ကတော့ မြေပဲအစိုတစ်တင်းကို (၂၇၀၀၀)ရောင်းရတယ်လို့ သိရပါတယ်၊ ဒါကြောင့် ရောင်းချခြင်းမလုပ်တော့ဘဲ မြေပဲဆံကိုကြိတ်လိုက်ပါက မိသားစုစားသုံးဆီရရှိရုံသာမက အိမ်မှာ ရှိတဲ့ ကျွဲ၊ နွားများအတွက်ပါ ပဲဖတ်များရရှိကြောင်း၊ ဒါအပြင် ပဲပင်မှထွက်ရှိသောမြေပဲရိုးနှင့် မြေပဲမှော်များကိုလည်း ကျွဲ၊ နွားအစာအဖြစ် အသုံးပြုရသောကြောင့် မြေပဲစိုက်တောင်သူများအတွက် တွက်ချေကိုက် သည့် သီးနှံတစ်မျိုးဖြစ်ကြောင်းစိုက်ပျိုးသူ တောင်သူများထံက သိရသည်။
မူမူစန်း